လာရောက်လည်ပတ်သောသူများပျော်ရွှင်ချမ်းမြေ့ ပါစေ.။

Android Phone များ Root လုပ်ခြင်း နှင့် Talk 2 Voice Call ထည့်သွင်းနည်း

အခု နောက်တနည်းကျနော်တင်လိုက်ပါတယ် ကျနောအရင်တင်လိုက်တဲ့နည်းက  ကလိရင်းလက်ဆော့ပြီး galaxy S2 က talk2.apk နဲ့ libtalk_so ကိုဆွဲထုတ်ပြီး ကျနော့်ဖုန်း galaxy W မှာ
ဝင်ပြီး အစားထိုးလိုက်တာပါ...။အဲဒီနောက် အောင်မြင်သွားတော့ သူငယ်ချင်းဖုန်းတွေ galaxy ACE/ACE Plus/w/y/ အဲဖုန်းမော်ဒယ်တွေထပ်လုပ်ပေးပါတယ် အောင်မြင်ပါတယ်...။အဲဒါကြောင့်ကျနော်တင်လိုက်တာပါ...
အားလုံးအဆင်ပြေစေတဲ့စေတနာ ရည်ရွယ်ချက်ဖြင့်။ အဆင်ပြေသွားတာတွေလည်းအများကြီးတွေ့ရပါတယ်...။မပြေသူတွေလည်းရှိတယ်.။ကျနော့်ဆရာဖြစ်သူ ကိုအောင် (David Aung)(aung575@gmail.com) လိပ်စာပါထည့်သွင်းပေးထားပါတယ်...။
ဆရာမပြနည်းမကျဆိုသလိုပဲဗျာ ။ကျနော်ရေးတာ ကျနော်စဉ်းစားလို့ရသလောက်ပဲရေးလိုက်တာဆိုတော့.နားမလည်းကြသူတွေလည်းအများကြီးပဲ
အခု ကျနော့်ဆရာကိုအောင်က andriod ရဲ့ မူရင်းကနေ ဘာသာပြန်ထားပြီး နည်းအသစ်တမျိုး ထပ်ရေးထားပါတယ်
ဒီနည်းကပိုပြည့်စုံမယ်လို့ထင်ပါတယ်...root နည်းပါတခါတည်းတွဲထားတာပါ။အဆင်မပြေတဲ့သူတွေ ဒီနည်းနဲ့အဆင်ပြေစေချင်တဲ့ရည်ရွယ်ချက်ဖြင့်ဆရာ့ရဲ့
ဘလော့က နည်းကိုကော်ပီပြီးကျနော်ထပ်တင်လိုက်ပါတယ်.....အောက်မှာသာဖတ်ကြည့်တော့ဗျာ...ေိေိ.

လွန်ခဲ့တဲ့ ၂-ပတ်လောက်က ဇော်မင်းသန်း(သီချင်းများဥယျာဉ်)  က သူ့ရဲ့ဘလော့မှာ မိုဒယ်နိမ့်တဲ့ Android ဖုန်းတွေအတွက် gtalk voice call ခေါ်လို့ရအာင်လုပ်နည်း ဆိုပြီး နည်းပညာပို့စ် တခုတင်
ခဲ့ပါတယ်။(၇.၂.၂၀၁၃) မှာ မောင်(စွယ်စုံကျမ်း) ကသူ့ဆိုဒ်မှာ အဲဒီပို့စ်ကို ဖေါ်ပြပေးခဲ့ပါတယ်..။
ကျွန်တော့်ဆီကိုလဲ ဇော်မင်းသန်းက သူ့ပို့စ်ကို မေးလ်နဲ့ပို့ပေးခဲ့ပါတယ်။ဖတ်ကြည်တော့ အဆင်တွေ
ကျော်ရေးထားတာမို့ အတော်များများနားလည်မှာမဟုတ်ဘူးလို့ထင်လိုက်ပါတယ်..။
သူ့ရဲ့ပို့စ်ထဲမှာ ကျွန်တော့်အီးမေးလ်လိပ်စာကိုဖေါ်ပြထားတာတွေ့ရပါတယ်။မောင်(စွယ်စူံကျမ်း) က
သူ့ဆိုဒ်မှာ အဲဒီပို့စ်ကို တင်ပေးလိုက်တဲ့နေ့ကစပြီး ပြဿနာ စတော့တာပါဘဲ…။add လာတဲ့အကောင့်
တွေ တနေ့ကို၅၀-ကျော်တယ်၊gtalk ကနေလဲတတုံတုံ ခေါ်လိုက်ကြတာ၊အီးမေးလ်ကလဲ တစောင်ပြီးတစောင်..။ဇော်ဝင်းမောင်ကလဲ  လာသမျှမေးလ် ကို ကျွန်တော့်ဆီ Forward လုပ် ဆိုတော့ ၂-၇က်၂-ည အလုပ်ကိုလုပ်လို့မရတော့ဘူး…ရွာလည်နေတယ်။ဇော်ထက်ကလဲမေးသမျှဲ
ကျွန်တော့်ဆီလွှဲ…။အဲဒီဇော် သုံးဇော် အလှော်ကောင်းလို့ အနော် လဲအတော်အီသွားပါတယ်။(အဲဒီ

 ဇော် ၃-ဇော်ကို မဲဇာ တောင် ပို့လိုက်တာ ကောင်းမယ်)။
အဲလိုကြောင့်မရေးမဖြစ် မို့ ဒီပို့လေးကိုရေးလိုက်ရတာပါ။အခြေအနေတွေနဲ့အလုပ်များလို့ နည်းပညာ
ပိုင်းကိုကျွန်တော်ရေးခဲပါတယ်။အခုလဲအတတ်နိုင်ဆုံးရှင်းလင်းအောင် ရေးထားပါတယ်…။
Android Phone Root လုပ်ခြင်း
 Root ဆိုတာ (တူးဖေါ်တာ)။ဖုန်းထဲမှာရှိနေတဲ့ Apps တွေကိုသုံးလို့ရအောင် ဖေါ်ထုတ်ပေးတာပါဘဲ။
Root လုပ်နည်းအဆင့်ဆင့်

၁။ကွန်ပြူတာဖြင့် Superoneclick.zip ကိုဒေါင်းလုပ်ယူပါ။စက်ထဲမှာဘဲ Extract လုပ်ထားပါ။
၂။extract လုပ်ထားပြီး superoneclick ကိုဖွင်လိုက်ပါ။ဘောက်တခုတက်လာရင် Donate
Later ကိုနှိပ်ပါ။
၃။Root လုပ်မဲ့ Android ဖုန်းကို usb cable ဖြင့် ကွန်ပြူတာနဲ့ချိတ်ဆက်ပါ။
  ဖုန်းရဲ့ Menu>Setting>Application>Development  မှာ USB Debugging ကိုအမှန်ခြစ်ပေးပါ။
နောက် Menu> setting> SD Card & Phone Storage ကိုဝင်ပြီး unmount ဟုတ်မဟုတ်စစ်ပါ။

                      
  ၄။ဖုန်းကို Volume Down နဲ့ Home Buttom ကို၁၀-စက္ကန်မျှ နှိပ်ထားပါ။Warning လို့တက်လာရင်
Volume Up နဲ့ Enter Download Mode ကိုဝင်ပါ။
၅။ဖုန်းကအသင့်ဖြစ်ရင် ကွန်ပြူတာမှာဖွင့်ထားတဲ့ superoneclick ဘောက်မှ Root ကိုကလစ်ပေးပါ။
Message တခုခုတက်လာလျှင် Ok ဘဲနှိပ်ပါ။
၆။Root ပြီးသွားရင် Process စာတန်းပေါ်လာပြီး Reboot လုပ်ခိုင်းပါမယ်။Reboot လုပ်လိုက်ပါ။
၇.ပါဝါပြန်ပွင့်လာတဲ့အခါ Screen မှာ Superuser ကိုတွေရင် Root လုပ်တာOK  ပါပြီ။

Talk 2 Instrall လုပ်နည်း
လိုအပ်တဲ့ဆော့ဝဲတွေကိုအရင်ဒေါင်းလုပ်ယူထားပါ။
Talkk with AV(Download)
Libtalk_jni.so(Download)
။ဒေါင်းလုပ်ပြီး Talk With AV ကိုဖုန်းရဲ့ SD Card ထဲမှာထည့်ထားပါ။Extsact လုပ်ထားပါ။
။Extract လုပ်ထားတဲ့ဖိုင်တွေထဲက Talk2.apk ကို ကြာကြာလေးနှိပ်ပြီး copy ယူပါ။
။ျRoot Explorer ကိုဖွင့်ပြီး /system/app ကိုဝင်ပါ။Mount R/W ကိုနှိပ်ပါ။

။အောက်ကဘယ်ဘက်လေးမှာရှိတဲ့ Paste ကိုကြာကြာလေးနှိပ်ပါ။
။အခုဆိုရင် app မှာ Talk.apk နဲ့ Talk2.apk ၂-ခုတွေ့ရမှာပါ။
။Talk.apk ကို Rename နဲ့ Talk.apk1 လို့ပြောင်းလိုက်ပါ။
။Talk2.apk ကိုကြာကြာလေးနှိပ်ပြီး Permissions ကိုရွေးပါ။
User:Read Write
Group:Read
Others;Read   လို့ပြောင်းပေးပါ။
ပြီးရင်Ok နှိပ်ပါ။
။Talk2.apk ကိုကြာကြာလေးနှိပ်ထားပြီး Rename ကိုရွေး၊Talk.apk လို့ပြောင်းလိုက်ပါ။
။SD Card ကိုပြန်လာပြီး libtalk_jni.so ကို copy လုပ်ပါ။
၁၀။ /system/lib ကိုဝင်ပါ။Mount R/W ကိုကလစ်ပါ။အဲဒီမှာ libtalk_jni.so ကို paste
လုပ်ပါ။
၁၁။libtalk_jni.so ကိုခပ်ကြကြာနှိပ်ပြီး Permissions ကိုရွေးပါ။
User:Read Write
Group:Read
Others:Read     လို့ပြောင်းပေးပါ။
၁၂။ဖုန်းကို Reboot လုပ်ပါ။
ဖုန်းပြန်ပွင့်တဲ့အခါ    ဖလန်း ဖလန်း ထလို့ရပပါပြီ..။အားလုံးဘဲ လန်းကြပါစေ။

Share/Bookmark
Share this post :

Post a Comment

SAHABAT BLOGGER

မိုးတိမ်မှ blogger ညီအစ်ကိုများ

Popular Post

Sponsor

Myanmar Calendar
 
Support :ဇော်မင်းသန်း(သီချင်းများဥယျာဉ်)
Copyright © 2013. မိုးတိမ် - All Rights Reserved
Template Created by Creating Website Published by ဇော်မင်းသန်း