လာရောက်လည်ပတ်သောသူများပျော်ရွှင်ချမ်းမြေ့ ပါစေ.။

Facebook အကောင့်များ Lock ကျခြင်းနှင့် ကာကွယ်နည်း

 2013 နှစ်ဦးပိုင်းမှစပြီး Facebook.com က Security ကိုထပ်မြှင့်လိုက်တဲ့အတွက် Facebook Account
အတော်များများ Lock ကျခြင်းနဲ့ မကြာခဏ ကြုံတွေ့ကြရပါတယ်။မေးမြန်းတာတွေ။ဖြေရှင်းပေးရတာတေ
လဲ နေ့စဉ်လိုလိုပါဘဲ။Lock ကျရင်အီးမေးလ်ကို Verify Code ပို့ခိုင်း၊အဲဒီ ကုဒ်ကိုထည့်၊နောက်တဆင့်ဆက်
သွား၊သူငယ်ချင်း ၅-ယောက် ကိုပုံနဲ့နာမည်နဲ့ထပ်တူဖြစ်အောင်ရွေးပေး..ဒါဆိုအကောင့်ကပြန်ရပါပြီ။ဒါပေမဲ့
Chat လို့မရ၊Add လို့မရသေးပါဘူး။သတ်မှတ်ရက်ပြည့်မှ ပုံမှန်ပြန်သုံးလို့ရပါတယ်။အကောင့်ပြန်ယူနည်း
ကိုတော့အတော်များများရေးထားကြလို့အသေးစိပ်ကျွန်တော်မရေးပြတော့ပါဘူး။အခုကျွန်တော်ပြောပြချင်တာ
က ဘာကြောင့် Lock ကျရသလဲ ဆိုတာနဲ့ Lock မကျအောင် ကာကွယ်ဘို့နည်းပါ။ဒီအကြောင်းအရာကလဲ
Facebook.com မှ ကျွန်တော့်အီးမေးလ်ကို ပို့ထားတဲ့ Report တွေကိုအခြေခံပြီး ဒီပို့လေးကိုရေးလိုက်ရတာ
ဖြစ်ပါတယ်။

Facebook Account များ ဘာကြောင့် Lock ကျရသလဲ..?

၁။အကောင့်ကို Log in ဝင်သည့်အခါ Password မကြာခဏ မှားရိုက်ခြင်း။
၂။Log in ဝင်ပြီး Fb ကစားပြီးသည့်အခါ Log out မလုပ်ဘဲ Browser ကိုတန်းပိတ်ပစ်ခြင်း။
၃။အကောင့်တခုထဲကို ၁-နေရာထက်ပို၍ တပြိုင်နက်သုံးခြင်း။(ဥပမာ-ကွန်ပြူတာမှာသုံးနေသလို ဖုန်းမှာလဲ
  Log in ဝင်ထားခြင်းမျိုးပါ...။
၎။Facebook Password သညှ် Strong မဖြစ်ခြင်း။(Pasword က ဂဏန်းသက်သက်(သို့)စာသက်သက်
  (သို့)အရေအတွက်နဲပြီး လွယ်ကူနေခြင်း....စသဖြင့်)
  **Password တခု က စာ ကြီး/သေး၊ဂဏန်း/သင်္ကေတ များပါဝင်ပြီးအနဲဆုံး ၁၀-လုံးနဲ့အထက် ရှိသင့်ပါ
      တယ်။ဒါမှ Strong ဖြစ်မှာပါ။
၅။Section တခုမှတခုကြည့်ရန် ကူးပြောင်းသည့်အခါ Browser အလုပ်ပြီးသည်ထိမစောင့်ဘဲ ဆက်တိုက်
နှိပ်၍ ဝင်ခြင်း။(ဥပမာ-Home မှ Profile,App, Friend's Profile...စသဖြင့်)
 အထက်က အချက်တွေကြောင့် Lock ကျရခြင်း ဖြစ်ပါတယ်။

  Lock မကျအာင်ဘယ်လို ကာကွယ်မလဲ..?

၁။အထက်ကအချက်တွေကိုဂရုစိုက်ပြီး Fcebook ကိုသုံးပါ။
၂။Account Setting မှာဝင်ပြီး Security Question ကိုဖြေဆို Save လုပ်ထားပါ။
   ကိုယ်ဖြေထားတဲ့အဖြေကိုတော့ သေချာမှတ်ထားဘို့လိုအပ်ပါတယ်။
   ဥပမာ...မိမိရဲ့ အမေ မွေးတဲ့မြို့ ကဘာလဲ  ..ဆိုတဲ့မေခွန်းကို  
             (Yangon) လို့ဖြေခဲ့ရင် အဲဒီအဖြေက်ုသေချာမှတ်ထားပါ။
၃။Password ကို Strong ဖြစ်အောင်လုပ်ပါ။
၎။လိုအပ်ရင် Fixya.com ကိုဝင်ပြီး FB နဲ့ဆက်သွယ်ထားပါ။
   ဒါဆိုရင် Lock ကျခြင်းက ကင်းလွတ်ပြီး ပျော်ရွှင်စွာ သုံးနိုင်မှာပါ။
           အားလုံးအဆင်ပြေနိုင်ကြပါစေ   
                                                  David Aung          

Share/Bookmark
Share this post :

+ comments + 1 comments

Anonymous
March 30, 2022 at 10:24 AM

Facebook အကောင့်များ Lock ကျခြင်းနှင့် ကာကွယ်နည်း - မိုးတိမ် >>>>> Download Now

>>>>> Download Full

Facebook အကောင့်များ Lock ကျခြင်းနှင့် ကာကွယ်နည်း - မိုးတိမ် >>>>> Download LINK

>>>>> Download Now

Facebook အကောင့်များ Lock ကျခြင်းနှင့် ကာကွယ်နည်း - မိုးတိမ် >>>>> Download Full

>>>>> Download LINK

Post a Comment

SAHABAT BLOGGER

မိုးတိမ်မှ blogger ညီအစ်ကိုများ

Popular Post

Sponsor

Myanmar Calendar
 
Support :ဇော်မင်းသန်း(သီချင်းများဥယျာဉ်)
Copyright © 2013. မိုးတိမ် - All Rights Reserved
Template Created by Creating Website Published by ဇော်မင်းသန်း