ငါလေ ဟိုးအဝေးကို ငေးကြည့်မိရင်
ကုန်လွန်ခဲ့တဲ့ နေ့ရက်တွေ တမ်းတမိတယ်
အရင်က ဖြစ်ရပ်တွေကို သတိတရ
တွေးမိတိုင်း တွေးမိတိုင်းမှာ
လှိုက်တက်လာတဲ့ ၀မ်းနည်းမှုက
အရင်က ငါတွေးခဲ့တဲ့ ရင်ခုန်သံလောက်
ဘာကြောင့်များ မတူညီရတာလဲ
ချစ်သူရယ်
နင့်ရင်က ခံစားချက်အတိုင်း
အတ္တအပိုင်းအစတွေနဲ့ သီစပ်ထားတဲ့
နင့်နှလုံးသားက ရင်ခုန်သံ စည်းချက်တွေကို
အချိန်တန်ရင် ရပ်တံ့မည်ဆိုတာ
ငါကိုယ်တိုင် ကြိုမမြင်ခဲ့လို့
ခွဲခွာခြင်းအတွက် လုံလောက်တဲ့
အင်အားဆိုတာကတော့ ငါ့မှာ
ရင်တစ်ခုလုံး လောင်ကျွမ်းပျက်စီးရင်း
သစ်ရွက်လေးတွေ လှုပ်ခတ်သံကြားတိုင်း
ငါ နွမ်းလျစွာ ၀မ်းနည်းမိတယ်
ငါ့ ရင်ဘတ်ထဲကိုမှ
သင်္ကေတတွေ အထပ်ထပ်နဲ့
လှိုင်းတွေခတ်သလို ပြေးအလာ ကမ်းအရောက်
တွယ်ငြိစရာ တစ်စုံတစ်ရာမှ မရှိလေတော့
နှုတ်ဆက်ခဲ့ပါတော့လို့
ငါ ရေရွတ်ရုံကလွဲရင်
မိုးတိမ်
Post a Comment