"နှိုင်းယှဉ်ချက်"
တေးရေးဆရာကပြောတယ်
ငါ့အချစ်ကိုသီချင်းစပ်ပါရစေတဲ့
စပ်လေ
သီချင်းစပ်တဲ့အခါ
တေးရေးဆရာလက်မြှောက်
အရှုံးပေးသွားတယ်
ငါ့အချစ်ကကျယ်ပြန့် လို့ တဲ့
ပန်းချီဆရာကပြောပြန်တယ်
သူပန်းချီဆွဲပါရစေတဲ့
ဆွဲလေ
ပန်းချီဆွဲတဲ့အခါ
ပန်းချီဆရာလက်မှိုင်ချသွားတယ်
ငါ့အချစ်ကနက်ရှိုင်းလို့ တဲ့
တကယ်ပါ
ချစ်သူရယ်....
နင့်ကိုချစ်တဲ့
ငါ့ရဲ့ အချစ်တွေက
နက်ရှိုင်းပြီးကျယ်ပြန့် လွန်းတဲ့
ပစိဖိတ်သမုဒ်ဒရာတောင်
ငါ့အချစ်နဲ့ ယှဉ်ရင်
မိုးပေါ်ကကျလာတဲ့
မိုးရေတစ်စက်လောက်ပဲ
ရှိပါတော့တယ်.....
ချစ်ရသူလေးရယ်.......
မိုးတိမ်
Post a Comment